ဘုရားသခင်/၏ လျှို့ဝှက်/နက်နဲသော အကြံအစည်တော်/ကို ဖော်ပြခြင်း
3
ဤ/အကြောင်း/ကြောင့် လူမျိုးခြား သင်တို့/အတွက် ယေရှု/ခရစ်တော်/၏ အကျဉ်းသား ဖြစ်သော ကျွန်ုပ်/ပေါလု/သည် ဘုရားသခင်/ထံ ဆုတောင်း၏။ 2 သင်တို့/အတွက် ကျွန်ုပ်/ကို ဘုရားသခင်/ပေးသနားတော်မူသည့် ကျေးဇူးတော်/နှင့်ဆိုင်သော အထူး/တာဝန်/အကြောင်း/ကို သင်တို့ အမှန်/ပင် ကြားသိရပြီ ဖြစ်၏။ 3 ဘုရားသခင်/သည် မိမိ/၏ လျှို့ဝှက်/နက်နဲသော အကြံအစည်/ကို ဗျာဒိတ်တော်/ဖြင့် ကျွန်ုပ်/ကို ဖော်ပြတော်မူကြောင်း အထက်ပါ/အတိုင်း ကျွန်ုပ် အကျဉ်းချုပ် ရေးထား၏။ 4 ထို/အကြောင်းအရာ/ကို ဖတ်ရှုခြင်း/အားဖြင့် ခရစ်တော်/၏ လျှို့ဝှက်/နက်နဲသော/အရာ/ကို ကျွန်ုပ် သိကျွမ်း/နားလည်ကြောင်း သင်တို့ သဘောပေါက်နိုင်ကြ၏။ 5 ဘုရားသခင်/သည် ထို/လျှို့ဝှက်/နက်နဲသော/အရာ/ကို ဝိညာဉ်တော်/မှတစ်ဆင့် မိမိ/၏ သန့်ရှင်းသော/တမန်တော်များ/နှင့် ပရောဖက်များ/ကို ယခု/အခါ/၌ ရှင်းလင်း/စွာ ဖွင့်ပြတော်မူ/သကဲ့သို့ ယခင်/ခေတ်ကာလ/၌ ဖော်ပြတော်မမူခဲ့ပေ။6 ထို/လျှို့ဝှက်/နက်နဲသော/အရာ/မှာ လူမျိုးခြားတို့/သည် သတင်းကောင်း/ကို ယုံကြည်/သောကြောင့် ဂျူးလူမျိုးတို့/နှင့် အတူတကွ အမွေခံ/ဖြစ်ခြင်း၊ ကိုယ်ခန္ဓာ/တစ်ခုတည်း/၌ ဂျူးလူမျိုးတို့/နှင့် အတူတကွ ပါဝင်ခြင်း၊ ယေရှု/ခရစ်တော်/ကြောင့် ရရှိသော ကတိတော်/ကို ဂျူးလူမျိုးတို့/နှင့် အတူတကွ ဝေမျှခံစားခြင်းတို့ ဖြစ်၏။ 7 တန်ခိုးတော် သက်ဝင်လှုပ်ရှားမှု/ကြောင့် ကျွန်ုပ်/အား ဘုရားသခင် ပေးသနားတော်မူသည့် ကျေးဇူးတော်/နှင့်ဆိုင်သော အထူး/တာဝန်/ကို ခံစားရသည်/နှင့်အညီ ကျွန်ုပ်/သည် ထို/သတင်းကောင်း/ကို ဟောပြောသူ ဖြစ်လာ၏။
8 ကျွန်ုပ်/သည် ယုံကြည်သူများa/ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်/သော်လည်း ဘုရားသခင် ပေးသနားတော်မူသော ကျေးဇူးတော်/ကို ခံစားရ၏။ ဤသို့ ခံစားရခြင်း/သည် လူမျိုးခြားတို့/ကို ခရစ်တော်/၏ အကန့်အသတ်မဲ့ ကြွယ်ဝခြင်း/အကြောင်း ဟောပြော/ရန်/နှင့် 9 အရာ/အားလုံး/ကို ဖန်ဆင်းတော်မူသော/ဘုရားသခင်/ထံ၌ ရှေးယခင်/မှစ၍ ဝှက်ထားသည့် ဤ/လျှို့ဝှက်/နက်နဲသော အကြံအစည်တော်/သည် မည်သည့်/အရာ/ဖြစ်ကြောင်း လူအပေါင်းတို့/ကို ဖော်ပြ/နိုင်ရန် ဖြစ်၏။
10 ဤသို့/ပြုခြင်း/သည် ကောင်းကင်/အရပ်/ရှိ အုပ်ချုပ်သူများ/နှင့် အာဏာရှိသူများ/က အဘက်ဘက်/၌ ပြည့်စုံသော ဘုရားသခင်/၏ ပညာတော်/ကို အသင်းတော်/မှတစ်ဆင့် သိမြင်လာကြ/စေရန် ဖြစ်၏။ 11 ဘုရားသခင်/သည် မိမိ/၏ ထာဝရ/အကြံအစည်တော်/အတိုင်း ကျွန်ုပ်တို့/၏/သခင် ယေရှု/ခရစ်တော်/ပြုသော/အမှု/ကြောင့် ဤသို့ ပြီးမြောက်/စေတော်မူ၏။
12 ကျွန်ုပ်တို့/သည် ထို/သခင်/နှင့် တပေါင်းတစည်းတည်း ဖြစ်ခြင်း/အားဖြင့်/သော်လည်းကောင်း၊ ထို/သခင်/ကို ယုံကြည်ခြင်း/အားဖြင့်/သော်လည်းကောင်း ဘုရားသခင်/ထံသို့ ရဲရင့်မှု/နှင့် စိတ်ချယုံကြည်မှု/ဖြင့် ဝင်ရောက်/ချဉ်းကပ်ခွင့်/ကို ရရှိကြ၏။ 13 သို့ဖြစ်၍ သင်တို့/အတွက် ကျွန်ုပ် ခံရသော ဆင်းရဲ/ဒုက္ခ/ကြောင့် စိတ်ပျက်/အားလျော့ခြင်း မရှိကြ/ရန် ကျွန်ုပ် တောင်းပန်/လို၏။ ထို/အရာများ/အတွက် သင်တို့ ဂုဏ်ယူ/သင့်၏။
ဝိညာဉ်/ရေးရာ ကြီးထွား/ရန် ပေါလု ဆုတောင်းခြင်း
14-15 ဤ/အကြောင်း/ကြောင့် ကျွန်ုပ်/သည် ကောင်းကင်ဘုံသား/နှင့် လောကီဘုံသားတို့/၏ အမျိုးအနွယ်/ကို ဖန်ဆင်းတော်မူသောb အဖ/ဘုရားသခင်c/ထံ ဒူးထောက်/လျက် 16 ဘုရားသခင်/၏ ဘုန်းတော် ကြွယ်ဝသည်/နှင့်အညီ သင်တို့/၏ အတွင်း/စိတ်/ကို ဝိညာဉ်တော်/မှတစ်ဆင့် တန်ခိုးတော်/ဖြင့် ကြံ့ခိုင်/သန်မာ/စေတော်မူ/ရန် ဆုတောင်း၏။ 17 သင်တို့/၏ ယုံကြည်ခြင်း/ကြောင့် ခရစ်တော်/သည် သင်တို့/၏/နှလုံးသား/ထဲ၌ ကိန်းဝပ်တော်မူ/ရန် ကျွန်ုပ် ဆုတောင်း၏။ သင်တို့/သည် မေတ္တာတော်/၌ အမြစ်တွယ်/၍ တည်နေ/သဖြင့် 18-19 ထို/မေတ္တာတော်/၏ အလျား၊ အနံ၊ အမြင့်၊ အစောက်တို့ မည်မျှ ရှိသည်/ကို ယုံကြည်သူd/အားလုံး/နှင့်အတူ နားလည်/သဘောပေါက်/နိုင်စွမ်း ရှိ/ရန် ကျွန်ုပ်/ဆုတောင်း၏။ ခရစ်တော်/၏/မေတ္တာတော်/သည် ကြီးမားလှ/သဖြင့် မည်သည့်/အခါမျှ သင်တို့ အပြည့်အဝ နားလည်/နိုင်မည် မဟုတ်/သော်လည်း ထို/မေတ္တာတော်/ကို သင်တို့ သိရှိခံစား/၍ ဘုရားသခင်/၏ ပြည့်စုံတော်မူခြင်း/အပေါင်းတို့/ဖြင့် ပြည့်ဝလာကြ/ရန် ကျွန်ုပ် ဆုတောင်း၏။
20 ကျွန်ုပ်တို့/အထဲ/၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်/ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်/သမျှသော/အရာ၊ ကြံစည်/သမျှသော/အရာတို့/ထက် အဆပေါင်း/များစွာ ပေးနိုင်သော ဘုရားသခင်/သည် 21 အသင်းတော်/၌ မြင်တွေ့ရသော သူ/၏ ကြီးမြတ်မှု/ကြောင့်/လည်းကောင်း၊ ယေရှု/ခရစ်တော်/လုပ်ဆောင်သော/အမှု/ကြောင့်/လည်းကောင်း ကမ္ဘာအဆက်ဆက် ထာဝရ ဘုန်းကြီးတော်မူပါစေသော။ အာမင်။